မင်းဘူးမြို့၌ မြန့်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းဘူးမြို့၌ မြန့်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပသွားမည်




MNP - ဧပြီ    ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာ သင်္ကြန်ပွဲတော်ကို ရေကစားမဏ္ဍပ် (၃)ခုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို  ဧပြီ (၁၃)ရက်၊ သင်္ကြန်အကြိုနေ့ ညနေ ၅ နာရီအချိန်တွင် ပြုလုပ်သွားမည်ဖြစ် ကြောင်း မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီထံက သိရသည်။

၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကို မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဗဟိုမဏ္ဍပ်အဖြစ် မင်းပူးဦးဩဘာသ မြို့နယ်ခန်းမရှေ့တွင် လမ်းလျှောက် သင်္ကြန် ရေးကစားမဏ္ဍပ်တစ်ခု၊ အမှတ်(၄)ရပ်ကွက် ဆင်ခေါင်းလမ်းတွင် ရေးကစားမဏ္ဍပ်တစ်ခုနှင့် အမှတ်(၁)ရပ်ကွက် ဆားပွက်ချောင်းတံတားထိပ်တွင် ရေကစားမဏ္ဍပ်တစ်ခု စုစုပေါင်း မဏ္ဍပ်(၃)ခု ဆောက်လုပ်ထားပြီး သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း၊ ဗဟိုမဏ္ဍပ် တွင် တုဒီသာအဖြစ် နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအချိန်အထိ မြန်မာထမင်းဟင်း၊ မုန့်လက်ဆောင်၊ သာကူနှင့် မုန့်လုံးရေပေါ်များဖြင့် နေ့စဉ်လူဦးရေ (၅၀၀)နှုန်းဖြင့် ဧည့်ခံကျွေးမွေး သွားမည်ဖြစ်ပြီး ရေကစားမဏ္ဍပ်များတွင် မည်သူမဆို လာရောက်ပါဝင် ဆင်နွှဲနိုင်ကြောင်း မင်းဘူး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ပြောသည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မင်းဘူးမြို့၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် နှစ်သစ်ကူး အန္တရာယ် ကင်း ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်ပွဲနှင့် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားပူဇော်ပွဲများကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - မောင်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)