ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်











MNP ၊  ဧပြီ  ၁၂

ရခိုင်ပြည်နယ် မောင်တောမြို့၌  မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် မဟာသင်္ကြန်ကာလအတွင်း ဘုရားဖူး ပြည်သူများစိတ်အေးချမ်းသာစွာ ဖူးမျှော်နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ယနေ့ နံနက် ၇ နာရီအချိန် မြို့ဦး ရွှေစည်းခုံ ဆံတော်မြတ် စေတီတော်ကြီးတွင်  စုပေါင်း သန့်ရှင်းရေးပြု လုပ်ခဲ့ကြသည်။ 

ထိုသို့ ဆောင်ရွက်ရာတွင်  ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက် ညွန်ကြားရေးမှူး သန့်စင် ၊မြို့နယ်မီးသတ်ဦးစီးမှူး ထွန်းရွှေခိုင် ၊  ခရိုင်/မြို့နယ် မီးသတ် တပ်ဖွဲ့များ နှင့် မိသားစုဝင်များက မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် မဟာသင်္ကြန် ကာလ အတွင်း ဘုရားဖူး ပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်နိုင်ရေးအတွက် စေတီတော်ကြီး အား ရေသပ္ပါယ်ခြင်း ၊  ရင်ပြင် အနီး အနားရှိ အမှိုက် သ ရိုက် များ ၊ မြက်ပင် ၊ ပေါင် ပင် များအား ခုတ်ထွင် ရှင်းလင်းခြင်း ၊ တံမြက်စည်း လှဲခြင်း တို့ကို စုပေါင်း သန့်ရှင်းရေးပြုလုပ် ဆောင်ရွက် ခဲ့ကြ ကြောင်း သိရ သည်။


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)