MNP ၊ ဧပြီ ၁၂
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် မဟာသင်္ကြန်ကာလအတွင်း ဘုရားဖူး ပြည်သူများစိတ်အေးချမ်းသာစွာ ဖူးမျှော်နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ယနေ့ နံနက် ၇ နာရီအချိန် မြို့ဦး ရွှေစည်းခုံ ဆံတော်မြတ် စေတီတော်ကြီးတွင် စုပေါင်း သန့်ရှင်းရေးပြု လုပ်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက် ညွန်ကြားရေးမှူး သန့်စင် ၊မြို့နယ်မီးသတ်ဦးစီးမှူး ထွန်းရွှေခိုင် ၊ ခရိုင်/မြို့နယ် မီးသတ် တပ်ဖွဲ့များ နှင့် မိသားစုဝင်များက မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် မဟာသင်္ကြန် ကာလ အတွင်း ဘုရားဖူး ပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်နိုင်ရေးအတွက် စေတီတော်ကြီး အား ရေသပ္ပါယ်ခြင်း ၊ ရင်ပြင် အနီး အနားရှိ အမှိုက် သ ရိုက် များ ၊ မြက်ပင် ၊ ပေါင် ပင် များအား ခုတ်ထွင် ရှင်းလင်းခြင်း ၊ တံမြက်စည်း လှဲခြင်း တို့ကို စုပေါင်း သန့်ရှင်းရေးပြုလုပ် ဆောင်ရွက် ခဲ့ကြ ကြောင်း သိရ သည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost









No comments:
Post a Comment