Pages

Pages

မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်






MNP ၊ ဧပြီ   ၁၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ၁၃၈၃-၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို  ဧပြီ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ   ဗဟိုလ်မဏ္ဍပ် နှင့် ရေကစား မဏ္ဍပ် ၊ ရခိုင်ရိုးရာရေလောင်းမဏ္ဍပ် များ နှင့် ဒေသခံပြည်သူများ၏ မဏ္ဍပ် များ ဖြင့် စည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ 

မောင်တောမြို့၌  ၁၃၈၃-၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦး ဆောင် ကြီးကြပ်မှုဖြင့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ ၊ မြို့မိ၊ မြို့ဖများ ကော်မတီ အသီးသီး ဖွဲ့ စည်းကာ   မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ  နှင့် နံ့သာသွေးပြိုင်ပွဲ အခမ်းအနားများကို  ဧပြီ ၁၃ ရက်နေ့  ဗဟိုလ် မဏ္ဍပ် တွင် လည်းကောင်း ၊ ရိုးရာယဉ်ကျေးမှု ယိမ်းအဖွဲ့များ ၊ တေးသံရှင်များက ဖျော်ဖြေခြင်း၊  နှစ်ဆန်းတစ်ရက်နေ့တွင်  ဇီဝိတဓါန ငါးလွှတ်ခြင်း ၊  နံ့သာသွေးပြိုင်ပွဲတွင် ဆုရသူများအား ဆုချီးမြှင့်ခြင်း ၊ ဒေသခံပြည်သူများ စုပေါင်းကာ ရခိုင်ရိုးရာရေလောင်း မဏ္ဍပ်များ ၊သက်ကြီး ဘိုးဘွားများ ပူဇော်ပွဲ များအား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ 


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment