Pages

Pages

ခင်ဦးမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ





MNP ၊ ဧပြီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ ၂၀၂၂ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအ‌ေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက ၁၃၈၃ခုနှစ်၊ နှောင်းတန်းခူး လဆန်း(၁၃) ရက်နေ့တွင် ကျရောက်သော မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြိုနေ့ နှစ်သစ် မိန့်ခွန်း အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုး နှင့် အဖွဲ့ဝင်တို့က ကြွရောက်လာကြသူများနှင့် နွေဦးရွှေပန်းချီ ယိမ်းပျိုဖြူလေးများအား သပြေခက်ဖြင့် နှစ်သစ်ကူးအတာရေစင်ပက်ဖျန်းပေးကြသည်။

ဆက်လက်ပြီး နွေဦးရွှေပန်းချီ ယိမ်းပျိုဖြူလေးများက မန်းတောင်ရိပ်ခို၊ နွေအလှနှင် နွေမ၊ တစ်ခေတ်ဆန်း တစ်ခေတ်နွမ်း၊ ဗုံဗုံဗုံ တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။


စိုးဝေအောင်(ခင်ဦး)

https://t.me/MyanmarNationalPost

No comments:

Post a Comment