ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူပြည်သူများအား ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူပြည်သူများအား ဆက်လက်ထိုးနှံပေး



MNP -  ဧပြီ  ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးနိုင်ရေးနှင့် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးတို့အတွက် စီမံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန(ဆေးရုံဟောင်း)၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူ ပြည်သူများအား ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရန် လာရောက်သူ ပြည်သူများကို စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေးလျက် ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ ယနေ့အထိ Phase-9 ပထမအကြိမ် အဖြစ် ကာကွယ်ဆေး (Covaxin)ဖြင့် ထိုးနှံသူ ၂၉၂၈ ဦး၊ Sinopharm ဖြင့် ထိုးနှံသူ ၉၀ ဦး၊ Sinovac ဖြင့် ထိုးနှံသူ ၁၈၃ ဦး၊ Covidshield ဖြင့် ထိုးနှံသူ ၁၃၇၉၄ ဦး၊ စုစုပေါင်း ၁၆၉၉၅ ဦး ထိုးနှံပြီးကြောင်း သိရသည်။

သတင်း - အောင်ဝင်းငြိမ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)