တောင်ကြီးမြို့တွင် အားကစားနှင့်ကာယပညာသိပ္ပံတက်ရောက်ရန် သင်တန်းသားသစ်ရွေးချယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့တွင် အားကစားနှင့်ကာယပညာသိပ္ပံတက်ရောက်ရန် သင်တန်းသားသစ်ရွေးချယ်




MNP - ဧပြီ   ၂၅

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်၊ အားကစား အဆင့်အတန်း တိုးတက်မြင့်မားစေရန်၊ အားကစားပြိုင်ပွဲများတွင် အဆင့်မြင့်မားစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုရရှိစေရန်၊ အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ချက်များဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အတွင်းရှိ ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တောင်ကြီးမြို့ အားကစားနှင့်ကာယပညာသိပ္ပံတက်ရောက်ရန် သင်တန်းသားသစ်ရွေးချယ်ခြင်းကို ပြည်နယ် အားကစားကွင်းတွင် ယနေ့ နံနက် ၇ နာရီခွဲက ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းသားသစ် ရွေးချယ်ခြင်းကို အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)၊ လေ့ကျင့်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးခင်မောင်ထွေး ဦးဆောင်၍ လက်ထောက် ညွှန်ကြားရေးမှူး၊ အားကစားမှူးများ၊ သက်ဆိုင်ရာနည်းပြများ၊ ဝန်ထမ်းများက စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြောင်း သိရသည်။

 သင်တန်းသားသစ်ရွေးချယ်ပွဲသို့ တောင်ကြီးမြို့ပေါ် ရပ်ကွက်များ၊ ကျေးရွာများ၊ အခြေခံပညာ ကျောင်းများမှ ကျား (၃၉)ဦး၊ မ(၁၂)ဦး၊ စုစုပေါင်း(၅၁)ဦးလာရောက်ရွေးချယ်ခံကြပြီး  သင်တန်းသား (၁၂)ဦး၊ သင်တန်းသူ(၄)ဦး၊ စုစုပေါင်း(၁၆)ဦး ပဏာမရွေးချယ်ခံရပြီး သတ်မှတ်ခေါ်ယူကာလတွင် ဆက်လက်၍ ဆန်ခါတင်ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရပါသည်။

သတင်း - ဇော်နိုင်လင်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)