လေပြင်းတိုက်ခတ်မှုကြောင့် ခေါင်မိုးအချို့ ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေပြင်းတိုက်ခတ်မှုကြောင့် ခေါင်မိုးအချို့ ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့ငွေပေးအပ်



MNP - ဧပြီ   ၂၉

လေပြင်းတိုက်ခတ်မှုကြောင့် ခေါင်မိုးအချို့ပျက်စီးခဲ့သည့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်မောရဝတီရပ်ကွက်ရှိ   မြို့မဘုန်းတော်ကြီးကျောင်းအတွက် ယမန်နေ့ နေ့လယ် ၁၂ နာရီက ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ထောက်ပံ့ငွေကျပ် (၉၀၀၀၀/-) ကျပ် ထောက်ပံ့အပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်ဌေးနှင့် မံစီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ က လာရောက်ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် ကျောင်းဂေါပကအဖွဲ့က လက်ခံခဲ့သည်။

ဧပြီလ ၁၆ ရက်နေ့ညက တိုက်ခတ်သည့် လေပြင်းကြောင့် အဆိုပါ ဘုန်းတော်ကြီးကျောင်း ခေါင်မိုးအချို့နှင့် ဓမ္မာရုံခေါင်မိုးအချို့ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)