စမ်းချောင်းမြို့နယ်တွင် ဓမ္မစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စမ်းချောင်းမြို့နယ်တွင် ဓမ္မစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 



         

MNP - ဧပြီ   ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဓမ္မစရိယနှင့် ပါဠိပထမပြန်



စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ (၂:၀၀) နာရီအချိန်က စမ်းချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ကျင်းပ ပြုလုပ်သည်။


အဆိုပါအစည်းအဝေးတွင် စမ်းချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘဝင်းက ဓမ္မစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများ  ပူးပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ကြရန်၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စွာ ပြုစုနိုင်‌ရေးအတွက် နိုင်-၄ ကော်မရှင်စာရင်းနှင့် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးစီးရေးအတွက် ဌာနဆိုင်ရာများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်အတွက် ဆွေးနွေးမှာကြားခဲ့သည်။


ထို့နောက် စမ်းချောင်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ အသီးသီးဆွေးနွေးခဲ့ကြပြီး ၎င်းအစည်းအဝေးတွင် စမ်းချောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။


သတင်း - ခင်ငြိမ်းချမ်းဝင်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)