ပုသိမ်ကြီးမြို့နယ်တွင် နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ကြီးမြို့နယ်တွင် နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ကျင်းပ

MNP - ဧပြီ   ၂၅

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့နံနက် ၉နာရီက ပုသိမ်ကြီးမြို့ ဗဟိုမြို့မစာသင်တိုက်၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုးဖွင့်လှစ်ပြီး၊ သင်တန်းနာယကဆရာတော် ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏိဿရထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဩဝါဒကထာ နာကြားကြသည်။ ထို့နောက် သင်တန်းဖြစ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သော အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြသင်မှ သင်တန်းကာလ လှူဒါန်းထောက်ပံ့ခြင်းများနှင့် ဆောင်ရွက်ခဲ့ရမှုများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သင်တန်း၌ ဖြေဆိုအောင်မြင်ထားသော အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်းတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုများ ရရှိခဲ့သော သင်တန်းသား သင်တန်းသူများအား နာယကဆရာတော်နှင့် တကွ တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ၎င်းနောက် သင်တန်းသင်ကြား ရေးမှူး ဆရာတော် ဥုးဉာနိန္ဒမှ သင်တန်းရည်ရွယ်ချက်များနှင့် သင်ကြားခဲ့မှု အစီအစဉ်များအား ရှင်းလင်းပြောကြားပြီး၊ နာယကဆရာတော်ထံမှ ရေစက်ချတရား နာယူကြည်ညို၍ အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာသော သင်တန်းသား သင်တန်းသူများ၊ အုပ်ထိန်းသူမိဘများအား အာဟာရဒါနအဖြစ် ကြာဇံဟင်း ကျွေးမွေးခြင်းအား အလှူရှင် ဦးမျိုးဝင်းနိုင် +ဒေါ်ကြူကြူလွင် မိသားစုမှ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)