သရက်ချောင်းမြို့၊ မြန်မာ့ရိုးရာမဟာင်္ကြန်ကို အစဉ်အလာမပျက် ယိမ်းအကများဖြင့် ဖျော်ဖြေ တင်ဆက်နိုင်ရန် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက သင်္ကြန်ယိမ်းအက အကြိုလေ့ကျင့်ခြင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်ချောင်းမြို့၊ မြန်မာ့ရိုးရာမဟာင်္ကြန်ကို အစဉ်အလာမပျက် ယိမ်းအကများဖြင့် ဖျော်ဖြေ တင်ဆက်နိုင်ရန် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက သင်္ကြန်ယိမ်းအက အကြိုလေ့ကျင့်ခြင်းဆောင်ရွက်

 



MNP - ဧပြီ    ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်  မြန်မာ့ရိုးရာ မဟာသင်္ကြန်ကို အစဉ်မလာမပျက် ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်နိုင်ရန် သရက်ချောင်းမြို့နယ်၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက သင်္ကြန်ယိမ်းအကအကြို လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်္ကြန်ယိမ်းအက ကြိုတင်လေ့ကျင့်ခြင်း အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထွေးဦး၊ သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မိသားစုစည်းရုံးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို  မဟာသင်္ကြန် ဖျော်ဖြေ ရေး၊ ရေကစားမဏ္ဍပ်နှင့် အတူ သင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် အေးချမ်းပျော်ရွှင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ  မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရိုးရာမပျက် အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေး၊ ဖျော်ဖြေရေး ရေကစားမဏ္ဍပ် ဆောင်ရွက်ကြရေးနှင့် မဟာ သင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွင်စွာ ကျင်းပနိုင်ရေးအတွက် သင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - နန်းခလိုက် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)