ကျောင်းကုန်းမြို့၌ ဂရန်အင်းများအတွင်း ငါးမြစ်ချင်းကောင်ရေ ငါးသောင်းခွဲ ငါးမျိုးစိုက်ထည့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းကုန်းမြို့၌ ဂရန်အင်းများအတွင်း ငါးမြစ်ချင်းကောင်ရေ ငါးသောင်းခွဲ ငါးမျိုးစိုက်ထည့်



MNP - ဧပြီ    ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ ငါးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေရေး၊ ဂရန်အင်းများ၏ ငါးထုတ်လုပ်မှု တိုးတက်စေရေးတို့အတွက် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က အလယ်ဒါးကအင်းအတွင်းသို့ ငါးမျိုးစိုက်ထည့် ခဲ့ကြသည်။

အဆိုပါငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးမှူး ဦးဝင်းမြင့်စော၊  ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးအေးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်လွင်နှင့်ဝန်ထမ်းများ၊ မြိူ့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အင်းသားကြီး များစုပေါင်း၍ အလယ်ဒါးကအင်းအတွင်းသို့  (၂) လက်မအရွယ်အစား ငါးမြစ်ချင်း ကောင်ရေ (၅)သောင်း (၅)ထောင့်(၅) ရာ ငါးမျိုး စိုက်ထည့်ခဲ့ကြသည်။

အလယ်ဒါးကအင်းသည် ဒါးကမြစ်နှင့် ငဝန်မြစ်ပေါက်ဖြစ်၍ အင်း(၃၁) အင်းနှင့် ဆက်စပ်လျက် ရှိသောကြောင့် ဂရန်အင်းများ၏ ငါးထုတ်လုပ်မှုတိုးတက်ရေးအတွက် များစွာအထောက်အကူ ဖြစ်စေကြောင်း သိရသည်။

သတင်း - ဝင်းကြိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)