ကန့်ဘလူမြို့နယ်တွင် နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄) ကွန်ပျူတာဖြင့် စာရင်းရေးသွင်းခြင်း လုပ်ငန်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန့်ဘလူမြို့နယ်တွင် နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄) ကွန်ပျူတာဖြင့် စာရင်းရေးသွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်



MNP - ဧပြီ   ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးတွင် မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်စွာပြုစုနိုင်ရေး၊ နိုင်ငံသားကိုယ်ရေး မှတ်တမ်း အချက်အလက်များ နိုင်(၄) ရိုက်သွင်းခြင်း လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေး ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက် နိုင်(၄) မှတ်တမ်းများအား Computer Software Program အသုံးပြု၍ စာရင်းရေးသွင်းခြင်းကို ဌာနဆိုင်ရာများ၏ အကူအညီဖြင့် ဧပြီ ၂၅ ရက်ကစတင်ကာ မှတ်တမ်းရေးသွင်းခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ ရေးသွင်းရာတွင် ကန့်ဘလူမြို့နယ်အတွင်း e-ID စနစ်ဖြင့် နိုင်(၄)မှတ်တမ်း စာရင်းရေးသွင်းရန် နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်ပေးထားပြီးသူ ၂၉၅၀၀၀ ဦးအား ဇွန်လကုန်အပြီး မှတ်တမ်းရေးသွင်း ဆောင်ရွက်နိုင်ရေးအတွက် လျာထားလျက်ရှိပြီး မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူး ဦးအောင်မြင့်မော်နှင့် ဝန်ထမ်းများက ကြီးကြပ်၍ ကွန်ပျူတာ ၁၀ လုံးဖြင့် မှတ်တမ်းရေးသွင်း လျက်ရှိသည်။

အဆိုပါစနစ်ဖြင့် မှတ်တမ်းရေးသွင်းခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အား ဦးစီးဌာနမှူး ဦးအောင်မြင့်မော်တို့က ဦးဆောင်၍ ကန့်ဘလူမြို့နယ် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြို့နယ်လဝက ဝန်ထမ်းများ အချိန်မီပြီးစီးရေး ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သတင်း - အောင်ဝင်းငြိမ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)