ကျိုက်မရောမြို့တွင် စိုက်ပျိုးဧကများ ပြည့်မီစွာစိုက်ပျိုးရေးနှင့် အထွက်နှုန်းကောင်းမွန်ရေး အတွက် ဖွဲ့စည်းတာဝန်ပေးအပ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်မရောမြို့တွင် စိုက်ပျိုးဧကများ ပြည့်မီစွာစိုက်ပျိုးရေးနှင့် အထွက်နှုန်းကောင်းမွန်ရေး အတွက် ဖွဲ့စည်းတာဝန်ပေးအပ်ပွဲကျင်းပ


MNP - ဧပြီ   ၂၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စိုက်ပျိုးရေကဏ္ဍ/ မွေးမြူရေးကဏ္ဍနှင့် စပ်လျဉ်း၍ လှပ်မြေများအဖြစ် ကျန်ရှိခြင်းမရှိစေဘဲ စိုက်ပျိုးဧကများ ပြည့်မီစွာစိုက်ပျိုးရေးနှင့် အထွက်နှုန်း ကောင်းစေရေးအတွက် သက်ဆိုင်ရာတောင်သူများနှင့် စည်းရုံးဆွေးနွေး ဆောင်ရွက်သွားရန် စိုက်ပျိူးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့အား ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်ဗိုလ်မှူး ဇော်မင်းကဌာနဆိုင်ရာများ အနေဖြင့် မိမိတာဝန်ကျရာကျေး ရွာရှိတောင်သူများနှင့် စည်းရုံးဆွေးနွေးကာ စိုက်ပျိုးမြေဧက တိုးတက်ရေး ပူးပေါင်းဆောင်ရွက်ကြစေရန် ဆွေးနွေးမှာကြားပြီး တက်ရောက် လာသော ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက သိရှိလိုသောမေးခွန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

သတင်း - ချိုမြတ်မြတ်ထွေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)