မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးအထူးဇုံစံပြ (၂၅)ဧက တင်း(၁၂၀)တင်းနှင့်အထက်ထွက်ရှိရေး ကွင်းသရုပ်ပြပွဲ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးအထူးဇုံစံပြ (၂၅)ဧက တင်း(၁၂၀)တင်းနှင့်အထက်ထွက်ရှိရေး ကွင်းသရုပ်ပြပွဲ တက်ရောက်



MNP - ဧပြီ   ၂၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးအထူးဇုံစံပြ (၂၅)ဧက တင်း(၁၂၀)တင်းနှင့်အထက် ထွက်ရှိရေး ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့သစ်မြို့ (တောင်တွင်းကြီး-မြို့သစ်-နတ်မောက်) ကားလမ်းဘေး လယ်ပြင်ကွင်း တောင်သူ ဦးမြင့်ဆွေ၏ လယ်ကွက်အနီး ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့သစ်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မိုးလွင်က  နွေစပါး အထူးဇုံစံပြ(၂၅)ဧက တင်း(၁၂၀)တင်းနှင့်အထက် ထွက်ရှိရေး ဆောင်ရွက် ထားရှိခြင်းများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော တောင်သူကြီးများက သိရှိလိုသည်များကို တင်ပြဆွေးနွေးခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ကဏ္ဍအလိုက် ပြန်လည် ရှင်းလင်းခဲ့ပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက နွေစပါးအထူးဇုံစံပြ (၂၅)ဧက စိုက်ကွက်အား ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်း - သန်းဝင်းထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)