MNP - ဧပြီ ၂၅
ဧရာဝတီတိုင်းဒသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြိူ့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ် အတွင်း တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟင်္သာတ ခရိုင်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀နာရီက ဟင်္သာတခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးအောင်သက်ရှည်က အဖွင့်အမှာစကားပြောကြားကာ တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ အကျယ်တဝံ့ ရှင်းလင်းပြောကြားပြီး မြန်အောင်မြို့နယ် ဦးစီးမှူး ဦးတင်ထွန်းအောင်မှ နည်းပညာဆိုင်ရာ (Specification & Design) များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာကြသော ကုမ္ပဏီများက တင်ဒါရှင်းလင်းပွဲနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ကြသည်။
အဆိုပါ အိတ်ဖွင့်တင်ဒါရှင်းလင်းပွဲသိူ့ ဟင်္သာတခရိုင်အတွင်း ၆ မြို့နယ်တို့မှ ကျေးလက်ဦးစီးမှူး များ၊ တင်ဒါစိစစ်လက်ခံရွေးချယ်ရေး ကော်မတီများ၊ တင်ဒါတင်သွင်းဝယ်ယူမည့် ကုမ္မဏီများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - ကိုဇော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment