မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်ပသည့် ဘိုးဘွားသက်ကြီး ပူဇော်ကန်‌တော့ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်ပသည့် ဘိုးဘွားသက်ကြီး ပူဇော်ကန်‌တော့ပွဲ အခမ်းအနားကျင်းပ





MNP - ဧပြီ    ၁၈

၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုရအဖွဲ့မှ ကြီးမှူးကျင်းပသော ဘိုးဘွားသက်ကြီး ပူဇော်ကန်‌တော့ပွဲ အခမ်းအနားကို ရန်ကုန်မြို့ နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီးရှိ သီရိရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွှန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂါရဝပြုကန်တော့ လက်ဆောင်ပစ္စည်းများ ပေးအပ် လှူဒါန်းကြသည်။

ထို့နောက် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့က ဌာနဆိုင်များမှ ထာဝရပဒေသာပင်အတွက် လှူဒါန်းငွေကျပ် (၁၀၉၁၉၀၀၀)ကို နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီး အမှုဆောင်ဥက္ကဋ္ဌ ဦးဝင်းဆွေထံ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ကန်တော့ခံဘိုးဘွားများကိုယ်စား အဘိုးမောင်နီ (၉၂)နှစ်က ဆုတောင်းမေတ္တာ ပို့သခဲ့ပြီး နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီး အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဆွေက ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်း - အောင်မြင့်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)