ဗန်းမော်ခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်ခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ




MNP  -  ဧပြီ     ၂၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို ပြည့်မီကျော်လွန်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ယမန်နေ့ မွန်းလွဲ ၁ နာရီက ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဗန်းမော်ခရိုင်၏ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အခမ်းအနားတွင် ဗန်းမော်ခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်က ဗန်းမော်ခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းဥပဒေကို ရေးဆွဲ ရာတွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးမူဝါဒများ၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ နိုင်ငံရေးဦးတည်ချက်(၉)ရပ်နှင့် မဟာဗျူဟာများအပေါ်အခြေခံ၍ ရေးဆွဲခဲ့ကာ လုပ်ငန်းများကို သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ကလည်း ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီသို့ တာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ဗန်းမော်ခရိုင်၏ စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)ကို ကျပ်( ၄၂၃ ဒသမ ၈) ဘီလီယံရရှိရန် ရည်မှန်းထားပြီး စီးပွားရေးတိုးတက်မှုနှုန်းကို (၃ ဒသမ ၆) ရာခိုင်နှုန်း တိုးတက် ဖြစ်ပေါ်ရန် ရည်မှန်းထားပါကြောင်း သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် မိမိဌာန လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရမည့်အပြင် ပုဂ္ဂလိကပိုင်လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှု များတိုးတက်ရေး၊ ပုဂ္ဂလိကပိုင်အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ အလေးထားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ပြည်သူများ၏ အမှန်တကယ်လိုအပ်ချက်ဖြစ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့ပြီး ခရိုင်စီမံကိန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှိုင်ဦးက စီမံကိန်းလုပ်ငန်းများ ရှင်းလင်းပြောကြားခဲ့ သည်။

ယင်းနောက် ဗန်းမော်ခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် တာဝန်ရှိသူများက ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌများထံသို့ စီမံကိန်းတာဝန်များကို အသီးသီးတာဝန်ပေး အပ်ခဲ့ကြကြောင်း သိရသည်။

သတင်း - ကိန်းဖြူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)