ဟားခါးမြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အကျနေ့ ဆက်လက်ကျင်းပ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟားခါးမြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အကျနေ့ ဆက်လက်ကျင်းပ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်ကြည့်ရှုအားပေး


MNP ၊ ဧပြီ ၁၅

၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အကျနေ့ကို ယမန်နေ့နံနက် ၉ နာရီခွဲက  ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်  ဦးငွန်ဆန်းအောင်၊ ပြည်နယ်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ ဟားခါးတပ်နယ်မှ ဗိုလ်မှူးကြီး စောထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယိမ်းအဖွဲ့များ၏ ယှဉ်ပြိုင်နေမှုနှင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။   

မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အကျနေ့ နံနက်ပိုင်းတွင် စိမ်းလန်းစိုပြေ သင်္ကြန်ယိမ်းအဖွဲ့၊ ယမင်းရွှေစင်ယိမ်းအဖွဲ့၊ နွေဦးကဗျာယိမ်းအဖွဲ့၊ ချယ်ရီချစ်သူ ယိမ်းအဖွဲ့နှင့် နှစ်သစ်မင်္ဂလာ ယိမ်းအဖွဲ့ တို့မှ အဖွဲ့လိုက်ယှဉ်ပြိုင်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ ဟားခါးတပ်နယ်မှ ဗိုလ်မှူးကြီးစောထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ကြ သည်။

ထို့နောက် မွန်းလွဲ ၁ နာရီခွဲတွင် တစ်ဦးချင်းအက ပြိုင်ပွဲများနှင့် ဖျော်ဖြေရေး အစီအစဉ်များကို ဆက်လက်ကျင်းပရာ တစ်ဦးချင်းအကပြိုင်ပွဲဝင် (၅)ဦးမှ ယှဉ်ပြိုင်ကြပြီး ယိမ်းအဖွဲ့များက ဖျော်ဖြေကြကာ သင်္ကြန်ပွဲတော်အကျနေ့သို့ တက်ရောက်ကြည့်ရှုအားပေးကြသူများအား စတုဒိသာဖြင့် ကျွေးမွေးခဲ့ ကြောင်းသိရသည်။

ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းတို့နှင့်အတူ ဟားခါးမြို့ ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး ဆေးရုံတက်သည့်လူနာများအား အားပေးစကားပြောကြားပြီး တစ်ဦးချင်း ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)