မာန်အောင်မြို့နယ် ရှင်သာမဏေစောင့်ရှောက်ရေးအဖွဲ့မှ သံဃာတော်နှင့် ရှင်သာမဏေများအား ဆေးပစ္စည်းနှင့်လှူဖွယ်ဝတ္တုများ ပဉ္စမအကြိမ်ဆက်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မာန်အောင်မြို့နယ် ရှင်သာမဏေစောင့်ရှောက်ရေးအဖွဲ့မှ သံဃာတော်နှင့် ရှင်သာမဏေများအား ဆေးပစ္စည်းနှင့်လှူဖွယ်ဝတ္တုများ ပဉ္စမအကြိမ်ဆက်ကပ်လှူဒါန်း



MNP -  ဧပြီ  ၁၁

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ရှင်သာမဏေစောင့်ရှောက်ရေးအဖွဲ့က ယမန်နေ့ ညနေ ၃ နာရီတွင် ကုန်းတန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်၌ သိမ္ဘလ၊ ဗျိုင်းကျွန်းဇီးတော၊ ကျွန်းရွာနှင့် သိမ်ကုန်းကျောင်းတိုက်များရှိ သံဃာတော်(၆)ပါးနှင့် ရှင်သာမဏေ(၄)ပါးတို့အားပင့်ဖိတ်၍ ဆေးပစ္စည်းနှင့် လှူဖွယ်ဝတ္တုများကိုဆပ်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါ အဖွဲ့သည် ဓမ္မရောင်ခြည်ဓမ္မဒါန ဖောင်ဒေးရှင်း(ရန်ကုန်)မှဦးဆောင်၍ မြို့နယ်များတွင် ဖွဲ့စည်းထားသောအဖွဲ့ဖြစ်ပြီး ရှင်သာမဏေများ၏ ပညာရေး၊ ကျန်မာရေးနှင့် လိုအပ်သောကိစ္စရပ်များအား ဖြည့်ဆည်းဆောင်ရွက်ပေးရန် ဖွဲ့စည်းထားသောအဖွဲ့ဖြစ်ကြောင်း သိရသည်။

မာန်အောင်မြို့နယ် ရှင်သာမဏေစောင့်ရှောက်ရေးအဖွဲ့သည် ဘုန်းတော်ကြီးကျောင်းများအား လှည့်လည်၍ ကျောင်းတိုက်များရှိ ဝါဆိုသံဃာတော်များနှင့် ရှင်သာမဏေများအား ဆေးပစ္စည်းနှင့် လှူဖွယ်ဝတ္တုများ လစဉ်ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယခုအကြိမ်သည် ပဉ္စမအကြိမ်လှူဒါန်းခြင်းဖြစ် ကြောင်းသိရသည်။

သတင်း - သိန်းဖေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)