ငရုတ်ကောင်းမြို့တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ရူပဗေဒ) ဘာသာရပ် ဖြေဆိုမှု ၉၁ ဒသမ ၈၉ ရာခိုင်နှုန်းရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ငရုတ်ကောင်းမြို့တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ရူပဗေဒ) ဘာသာရပ် ဖြေဆိုမှု ၉၁ ဒသမ ၈၉ ရာခိုင်နှုန်းရှိ



MNP - ဧပြီ    ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ရူပဗေဒ)ဘာသာရပ်ကို ယနေ့နံနက် ၉နာရီအချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ငရုတ်ကောင်းမြို့ စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။ ယနေ့ ဖြေဆိုသည့် (ရူပဗေဒ)ဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ ကျောင်းတွင်းဖြေ (၅၆)ဦး၊ ကျောင်းပြင်ပဖြေ (၁၂)ဦး စုစုပေါင်း (၆၈)ဦး ရှိပြီး ရာခိုင်နှုန်းအားဖြင့် ဝင်ရောက်ဖြေဆိုသူ ၉၁ ဒသမ ၈၉ ရာခိုင်နှုန်းရှိကြောင်း ငရုတ်ကောင်းစာစစ်ဌာနမှ သိရသည်။

သတင်း - ပြုံးမောင်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)