Pages

Pages

ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရွှေတောင်မြို့နယ်မှ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်



MNP ၊ ဧပြီ ၁၁

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှရွှေတောင် မြို့နယ်အတွင်းရှိ လေဘေးသင့် ၍အမိုးလန်အိမ်ခြေ(၅၂)လုံးနှင့် လူဦးရေ(၁၇၄)ဦး၊ နှင့်အိမ်ပြို ( ၂) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဘိုးငွေနှင့် ထောက်ပံ့ပစ္စည်းများကို ယနေ့နေ့လည်ပိုင်းကရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ထောက်ပံ့ပေးအပ် ခဲ့သည်။

ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်တို့က ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့်ဇီးကျွန်းကျေးရွာအုပ်စု၊ဆင်သေကျေးရွာအုပ်စု၊ကွေ့မကျေးရွာအုပ်စုနှင့်ကွင်းယားကြီးကျေးရွာအုပ်စုတို့တွင်အမိုးလန်အိမ်ခြေ ( ၅၂)လုံး လူဦးရေ ( ၁၇၄) တို့အတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၁၄၁၇၈၀၀) ကျပ်နှင့်ဆန်ရိက္ခာဖိုးထောက်ပံငွေ(၃၆၅၄၀၀)ကျပ် စုစုပေါင်း ( ၁၉၈၃၂၀၀)ကျပ်နှင့်၊ကျောက်ထရံအုပ်စု စစ်ကုန်းကျေးရွာနှင့်ကွင်းယားကြီးကျေးရွာအုပ်စု ကွင်း ယားကြီးကျေးရွာတို့တွင်ပြိုလဲအိမ် ( ၂) လုံးတို့အတွက်ကယ်ဆယ်ရေးပစ္စည်း ( ၁၆)မျိုး ပါ ( ၂) ပုံး အိမ်၊အိမ်ဆောက်ပစ္စည်းဘိုး တစ်အိမ်ထောင်လျှင်ကျပ် ( ၁)သိန်းနှုန်းဖြင့်စုစုပေါင်းငွေ (၂) သိန်းကျပ်အား လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုကိုမင်း 

https://t.me/MyanmarNationalPost


No comments:

Post a Comment