MNP - ဧပြီ ၁၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တောင်ပေါ်တန်း သာသနာ (၂၅၀၀) ကျောင်းတိုက်တွင် ကျင်းပ ပြုလုပ်သော ၁၃၈၃ ခုနှစ် အကြိမ် (၄၀)မြောက် မွန်ဒေသလုံးဆိုင်ရာ ရာမည ဓမ္မာစရိယအဖွဲ့မှ ကြီးမှူးကျင်းပသော ရာမညနိကာယ ပရိယတ္တိစာမေးပွဲ စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်လွဲပိုင်းက သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်၊၊
ရှေ့ဦးစွာ ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သြဝါဒစရိယ ကွမ်လှာ လောကသုခ ကျောင်းဆရာတော်၊ ရာမညဓမ္မာစရိယစာမေးပွဲဥက္ကဋ္ဌ ရေးမြို့နယ် အာပေါကျောင်းကြီး ဆရာတော် ဘဒ္ဒန္တဝဏ္ဏသာရနှင့် ဒုတိယဥက္ကဋ္ဌ မော်လမြိုင်ဈေးကြို ပရိယတ္တိဝေဒီကျောင်း ဆရာတော် ဘဒ္ဒန္တပါလရာမညတို့မှ သြဝါဒစကားမြွတ်ကြားသည်၊၊ ထို့နောက်ပြည်နယ် ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားပြီး ဆရာတော် သံဃာတော်များ အား လှူဖွယ်ပစ္စည်းများနှင့် ရာမညနိကာယ ပရိယတ္တိစာမေးပွဲအတွက် အလှူငွေ (၁၀)သိန်း ကျပ် ဆက်ကပ်လှူဒါန်းသည်၊၊ ဆက်လက်ပြီး စာအောင်သံဃာတော်များအား ရာမည ဓမ္မာ စရိယစာမေးပွဲဥက္ကဋ္ဌ ဆရာတော်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က စာအောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်၊၊ ၁၃၈၃ ခုနှစ် အကြိမ် (၄၀)မြောက် မွန်ဒေသလုံးဆိုင်ရာ ရာမညဓမ္မာစရိယအဖွဲ့မှ ကြီးမှူးကျင်းပသော ရာမညနိကာယ ပရိယတ္တိစာမေပွဲကြီးကို ပါဠိပါရဂူ၊ သိရီပဝရ၊ဓမ္မာစရိယ၊ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ မူလတန်း၊ အတန်း(၇)တန်းကို တပေါင်းလဆန်း(၁)ရက်နေ့မှ (၃)ရက်နေ့အထိ စာဖြေသံဃာတော် (၂၁၀၀)ကျော် ဝင်ရောက်ဖြေဆိုပြီး စာအောင်သံဃာတော်(၆၂၁)ပါးရှိကြောင်း သိရသည်၊၊
သတင်း - ခင်စန်းမြင့်
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment