MNP - ဧပြီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို ယနေ့နံနက် ၉ နာရီက နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုမြတ်ထွေးနှင့်အဖွဲ့တို့ပူးပေါင်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပဲမခန်းကျေးရွာအုပ်စု၊ သခွတ်တန်းကျေးရွာအုပ်စုနှင့် အုတ်တွင်းကုန်း ကျေးရွာအုပ်စုတို့တွင် ဖြစ်ပွားခဲ့သော ပြိုလဲနေအိမ် (၁)လုံးနှင့် အမိုးလန်နေအိမ်(၂၅)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၆၀,၀၀၀)ကျပ်၊ အိမ်ထောင်စု(၂၆)စုရှိ လူဦးရေ(၈၅)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ(၁၇၈,၅၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၃၈,၅၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ထောက်ပံ့ရေးပစ္စည်းပုံး(၁)ပုံးအား လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - ဝေယံဖြိုး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment