MNP - ဧပြီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီအသင်းခွဲ၊ တပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူး (တတိယတန်း) ဦးတေဇာအောင်တို့က သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းသို့ တက်ရောက်လာသော သင်တန်းသား/သင်တန်းသူ(၂၅)ဦးအား မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးခင်မောင်ချိုက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိက သင်တန်းနည်းပြဆရာ၊ ဆရာမများအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်း - ခင်ခင်မာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment