MNP ၊ ဧပြီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့အတွင်း၌ ဧပြီ ၃ ရက်၊ နေ့လယ်ပိုင်းတွင် လေပြင်းတိုက်ခိုက်မှုကြောင့် ကျေးရွာများရှိ နေအိမ်များပြိုကျ ပျက်စီးခဲ့ပြီး အမိုးလန် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း၊ တပ်ဖွဲ့များမှ နယ်မြေခံ တပ်မတော်သားများက ဌာနဆိုင်ရာ ဝန်ထမ်းများက ယနေ့တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ပိတ္တာလေးကျေးရွာအုပ်စု၊ စော်ကဲကျေးရွာအုပ်စု၊ ရေလယ်ကျွန်း ကျေးရွာအုပ်စုနှင့် စံအိပ်ကျေးရွာအုပ်စုတို့တွင် ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် လူနေအိမ် ၉ လုံး အမိုးလန်ပျက်စီးခဲ့ပြီး နေအိမ် ၁၂ လုံး ပြိုကျပျက်စီးခဲ့ရာ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက အပျက်အစီးများ ဖယ်ရှား ရှင်းလင်းပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment