MNP ၊ ဧပြီ ၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန သုံးခု ဖွင့် လှစ်၍ နံနက် ၉ နာရီ အချိန်မှ မွန်းတည် ၁၂ နာရီ အချိန်ထိ ကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဓာတုဗေဒ ဘာသာရပ်အား ကျောင်းသား/ သူ များ အေးချမ်း စွာ ဖြေဆိုလျက်ရှိသည်။
ယင်းသို့ ဖြေဆိုရာတွင် မောင်တောမြို့၌ အမှတ်(၁) အခြေ ခံ ပညာ အထက်တန်းကျောင်း ၊ အမှတ်(၂) အခြေခံ ပညာ အထက်တန်း ကျောင်း နှင့် တောင်ပြိုလက်ဝဲ စာစစ်ဌာန သုံးခုတွင် ဖြေဆိုရန် စာရင်းရှိ ကျောင်းသား/သူ ဦးရေ (၁၂၂၉)ဦး ရှိသည့် အ နက် ဓာတုဗေဒ ဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူပေါင်း ကျား(၇၄၁)ဦး နှင့် မ(၃၄၆)ဦး ပေါင်း(၁၀၈၇) ဦးရှိပြီး ဖြေဆိုမှု ပျက်ကွက်သူ ကျား (၁၁၈) ဦး၊မ (၂၄)ဦးပေါင်း (၁၄၂)ဉီး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြသဖြင့် ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၈၈.၄၅) ဖြစ်ရာ ပျက်ကွက် ရာခိုင် နှုန်းမှာ (၁၁.၅၅)ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင် ရာ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကျောင်းအတွင်း/အပြင် လုံခြုံရေးများ ထားရှိကာ ကူညီဆောင်ရွက် ပေး လျက် ရှိကြောင်းသိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment