မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ








MNP ၊ ဧပြီ   ၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယ နေ့  နေ့လည် ၁ နာရီအချိန် က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးနေဦးက ၂၀၂၂ ခုနှစ် ၊ဧပြီ ၁၃ ရက်တွင် ကျရောက်မည့် မဟာ သင်္ကြန် ပွဲတော် ၊ ရခိုင်ရိုးရာ နံသာသွေးပြိုင်ပွဲ ၊ ဇီဝိတဒါနငါးလွှတ်ပွဲ နှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားများ အောင်မြင်စွာ ကျင်းပ နိုင်ရေး  နှင့်  သင်္ကြန်ပွဲတော်ကို စည်းကမ်းရှိရှိနဲ့ စည်ကားသိုက်မြိုက် ပျော်ရွှင်အောင်မြင်စွာ ကျင်းပ နိုင်ရန် အတွက် ဖွဲ့စည်း ထား သော ကော်မတီအလိုက် ပူးပေါင်းဆောင်ရွက်ရေး ၊ အခက်အခဲများအား တင်ပြကြရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။  

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးဦးကံထွန်းအောင်မှ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပ နိုင် ရန်အတွက်  ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး  တက်ရောက်လာကြသော ဌာနဆိုင်ရာများ ၊ပွဲ တော်ကျင်းပရေး ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ဆောက်ရွက်ထားရှိသည့် အခြေအနေများ  နှင့် ဆက်လက် ဆောင်ရွက် နေသည့်အခြေအနေများအား ဝိုင်းဝန်းဆွေးနွေး တင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူးမှ နိဂုံးချုပ် အမှာစကား ပြော ကြားခဲ့ကြောင်း သိရသည်။ 


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)