MNP - ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီကြီးကြပ်ရေးအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦး သူနာပြုစုနည်း အခြေခံသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် စဉ့်ကူးမြို့နယ် ကြက်ခြေနီကြီးကြပ်ရေးအသင်းခွဲ ဥက္ကဋ္ဌ ဦးထွန်းဗိုလ်က သင်းတန်းဆင်းပွဲအမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က ကျေးဇူးတင်စကား ပြောကြားကာ တာဝန်ရှိသူများက သင်တန်းနည်းပြ ဆရာများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်း၊ သင်တန်းသားသင်တန်းသူများအား ကြက်ခြေနီအင်္ကျီများ၊ သင်တန်းဆင်းအောင်လက်မှတ်များနှင့် အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များအသိပညာဗဟုသုတ မြင့်မား တိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ ပြပွဲပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ယခုဖွင့်လှစ်သည့် ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းသို့ သင်တန်းသား သင်တန်းသူ (၂၅)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်း ကာလမှာ ဧပြီ ၂၂ ရက်နေ့မှ ဧပြီ ၂၄ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - တင်ဇာလွင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment