ဝါးခယ်မမြို့နယ်၌ (၃၇)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ‌ အောင်မြင်သော ကျောင်းသား/သူများအား အောင်လက်မှတ်နှင့် ဆုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါးခယ်မမြို့နယ်၌ (၃၇)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ‌ အောင်မြင်သော ကျောင်းသား/သူများအား အောင်လက်မှတ်နှင့် ဆုချီးမြှင့်



MNP - ဧပြီ  ၂၅

ဧရာဝတီတိုင်းဒေသကြီ၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ (၃၇)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ‌ အောင်မြင်သော ကျောင်းသား/သူများအား အောင်လက်မှတ်နှင့် ဆုချီးမြှင့်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် သကျမဟာသီရိဘုရားကြီးဝင်းအတွင်း သံတန်ဆောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ (၃၇) ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ‌ အောင်မြင်သော ကျောင်းသား/သူများအား အောင်လက်မှတ်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင် ဧည့်ပရိတ်သတ်များ၊ ကျောင်းသား/သူများ၊ မြို့နယ်သံဃာနယကအဖွဲ့ ဆရာတော်များ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲကြီးကြပ်ရေး အဖွဲ့ဆရာတော်များနှင့် သင်တန်းနည်းပြ ဆရာတော်များ တက်ရောက်ခဲ့ကြပြီး နမောတဿသုံးကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာမေးပွဲ‌အောင်မြင်သော ကျောင်းသား/သူ ၁၀၀ ကျော်အား  အောင်လက်မှတ်နှင့် ဆုချီးမြှင့်ပြီး သြဝါဒစရိယ ဆရာတော်များထံမှ ငါးပါးသီလခံယူ၍ ရေစက်ချတရားတော်နာယူခဲ့ကြကြောင်း၊ ယင်းနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း - ဟိန်းထက်လင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)