လှည်းကူးမြို့နယ်၊ ဒါးပိန်တောင်ကျေးရွာအုပ်စုတွင် ရာအိမ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလိုက်လံထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ်၊ ဒါးပိန်တောင်ကျေးရွာအုပ်စုတွင် ရာအိမ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလိုက်လံထိုးနှံပေး




MNP - ဧပြီ   ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ဒါးပိန်တောင်ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန်ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၅)နှစ်မှ(၁၈)နှစ်အတွင်း ပြည်သူများ၊ အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတို့အား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဦးစားပေးအစီအစဉ်အလိုက်ထိုးနှံ ပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး Mobile အစီအစဉ်ဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)က အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများကို ရာအိမ်စုအလိုက်ကွင်းဆင်း၍ လိုက်လံထိုးနှံပေးလျက် ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများကလည်း ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရှိရသည်။

သတင်း - အေးအေးနွဲ့

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)