မဟာသင်္ကြန်ဒုတိနေ့(အကြတ်နေ့)တွင် ရမ်းဗြဲမြို့၌ ရေကစားမဏ္ဍပ်များတွင် ပျော်ရွှင်စည်ကားစွာ ရေကစားလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မဟာသင်္ကြန်ဒုတိနေ့(အကြတ်နေ့)တွင် ရမ်းဗြဲမြို့၌ ရေကစားမဏ္ဍပ်များတွင် ပျော်ရွှင်စည်ကားစွာ ရေကစားလျက်ရှိ








MNP ၊ ဧပြီ ၁၅

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဒုတိယနေ့(အကြတ်နေ့)ယနေ့တွင်ပြည်သူများအေးချမ်းပျော်ရွှင်စွာမဟာသင်္ကြန်ပွဲတော်ကိုပါဝင်ဆင်နွဲလျက်ရှိကြသည်။

ရမ်းဗြဲမြို့တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်တွင်လည်း ယိမ်းအကများ၊ ကာရာအိုကေသီချင်းတို့ဖြင့်သီဆိုသူများကသီဆိုဖျော်ဖြေပေးခြင်းများနှင့်အတူ ပြည်သူများမှလာရောက်ပြီးပျော်စွာဖြင့်မဟာသင်္ကြန်ပွဲတော်ဒုတိဘနေ့ကိုပါဝင်ဆင်နွဲလျက်ရှိကြသည်။

မဟာသင်္ကြန်အကြတ်နေ့တွင် ရမ်းဗြဲမြို့ပေါ်ရှိရေကစားမဏ္ဍပ်များသို့ကျေးရွာများမှလည်းရေပက်ကစားရန်မော်ကားများဖြင့်လာရောက်ကြပြီး မြို့ပေါ်ရှိပြည်သူများမှလည်း မိသားစုလိုက်ရေကစားထွက်ခြင်း၊ သူငယ်ချင်းများဖြင့်စုဝေး၍ မော်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ မော်တော်ကား များတို့ဖြင့် ရေပက်ကစားရန်ထွက်ခြင်းတို့ကြောင့် ရမ်းဗြဲမြို့ပေါ်ရှိရေကစားမဏ္ဍပ်များတွင် ပြည်သူများမှ မဟာသင်္ကြန်ဒုတိယနေ့ကို ပျော်ရွှင်စွာဆင်နွဲနေကြသဖြင့်အထူးစည်ကားလျက်ရှိကြောင်းသိရသည်။


သတင်း - အောင်နိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)