MNP ၊ ဧပြီ ၁၅
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မဟာသင်္ကြန်ကာလအတွင်းယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရဟိုင်ကွင်း လမ်းဆုံနေရာတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက လမ်းဆုံနေရာများတွင် ဖြတ်သန်းမောင်းနှင်နေသည့် အနှေးယာဉ်မောင်းနှင်သူများ၊ အငှားယာဉ်မောင်းနှင် သူများနှင့် ကား၊ဆိုင်ကယ်စသည့်မော်တော်ယာဉ်မောင်းများကို စစ်ဆေး၍ နှစ်ဘီးဆိုင်ကယ်မောင်းနှင်သူများအား ဆိုင်ကယ်ဦးထုပ်များကို သေချာစွာတပ်ဆင်မောင်းနှင် ကြရန်၊ နှစ်ဦးထက်ပို၍ သယ်ဆောင်မောင်းနှင်ခြင်းမပြုကြရန်၊ ရှေ့မီးအနိမ့်ဖွင့်၍ နေ့ရောညပါ မောင်းနှင် ကြရန်၊ ဆိုင်ကယ်အား စက်သံဆူညံစွာ မောင်းနှင်ခြင်းမပြုကြရန်၊အရက်သေစာများကို အလွန်အကျွံသောက်စားမူးယစ်ပြီး မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်ကြော ပိတ်ဆို့ မှုမဖြစ်ပေါ်စေရန် စနစ်တကျမောင်းနှင်ကြရန်၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လေးထားဆောင်ရွက်ကြရန်စသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment