MNP ၊ ဧပြီ ၁၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ နှစ်သစ်ကူးမဟာသင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက်နေ့တွင် နံနက် ၁၀ နာရီမှစ၍ ရေပက်ကစားသူများနှင့် ပင်လယ်ကမ်းခြေတလျှောက် ရေကစားသူများဖြင့် အထူးစည်ကားလျှက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် မဟာသင်္ကြန်နှစ်သစ်ကူးကာလ သင်္ကြန်အကြတ်နေ့၌ ဗဟိုမဏ္ဍပ်တွင် ခေတ်ပေါ်တေးဂီတများနှင့်အတူ ရခိုင်အဆိုတော် တေးသံရှင်များ၊ ယိမ်းအကအဖွဲ့များမှ ကပြဖျော်ဖြေ တင်ဆက်ခြင်း၊ သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူများကို စတုဒီသာအကျွေးအမွေးခြင်းဖြင့် ဧည့်ခံကျွေးမွေးခြင်းများအပြင် ရပ်ကွက်အသီးသီးတွင်လည်း မဏ္ဍပ်ကြီးများဆောက်လုပ်၍လည်း ကောင်း၊ နေအိမ်ရှေ့များတွင် ရခိုင်ရိုးရာ ဓနိလက်များဖြင့် မဏ္ဍပ်ငယ်များဆောက်လုပ်ပြီး မိသားစု များ၊ အသင်းအဖွဲ့များ၊ မိတ်ဆွေသူငယ်ချင်းများစုပေါင်း၍ လည်းကောင်း ရေပက်ခံထွက်သူများနှင့် ပင်လယ်ကမ်းခြေတစ်လျှောက် ရေကစားသူများ အပန်းဖြေသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
“သင်္ကြန်အကြတ် နေ့တွင် ယခင်နှစ်များထက် ရေပက်ခံထွက်သူများမှာ အထူးများပြား ကြောင်း၊ နံနက် ၁၀ နာရီမှစတင်ကာ ညနေပိုင်းအထိ လမ်းမတန်းများနှင့် ရပ်ကွက်မဏ္ဍပ်များတွင် လည်း တိုးမပေါက်အောင် အထူးလူစည်ကားလျှက်ရှိကြောင်း” ရေပက်ခံထွက်သူ ဒေသခံတစ်ဦးက ပြောကြားသည်။
ကျောက်ဖြူမြို့တွင် မြို့ပေါ်ရပ်ကွက်များ၍ ရေပက်ခံမဏ္ဍပ် ၄၀ ကျော်ခန့်ရှိပြီး မြို့ပေါ်ရပ် ကွက်နေပြည်သူများအပြင် အခြားနီးစပ်ရာမြို့နယ်နှင့် ပြည်ပမှဧည့်သည်များပါ ကားများ၊ ဆိုင်ကယ် များဖြင့်လာရောက်ကာ ရေပက်ခံထွက်ပြီး အေးချမ်းစွာဖြင့်ရေကစားလျက်ရှိကြောင်း သိရှိရသည်။
သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
























No comments:
Post a Comment