အသက်(၁၃)နှစ်အရွယ် မိန်းကလေးတစ်ဦးအား မုန့်ဝယ်ကျွေးမယ်ဟု အပြင်သို့ခေါ်ဆောင်သွားကာ အလိုမတူပဲသားမယားအဖြစ်ပြုကျင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

အသက်(၁၃)နှစ်အရွယ် မိန်းကလေးတစ်ဦးအား မုန့်ဝယ်ကျွေးမယ်ဟု အပြင်သို့ခေါ်ဆောင်သွားကာ အလိုမတူပဲသားမယားအဖြစ်ပြုကျင့်


MNP ၊ ဧပြီ  ၁၅

ရခိုင်ပြည်နယ်၊ ဂွမြို့၊ မြို့မရပ်ကွက်တွင် ယမန်နေ့ညပိုင်းက အသက်(၁၃)နှစ်အရွယ် မိန်းကလေးတစ်ဦးအား မုန့်ဝယ်ကျွေးမယ်ဟု အပြင်သို့ခေါ်ဆောင်သွားကာ အလိုမတူပဲသားမယားအဖြစ်ပြုကျင့်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြို့မရပ်ကွက်တွင်နေထိုင်သူ ရဲနိုင်(ခ)မျိုးမင်းမောင် (၄၃)နှစ် ဈေးရောင်းလုပ်ကိုင်သူက တစ်လမ်းနေသူ မ---(၁၃)နှစ်အား အပြင်သို့ မုန့်ဝယ်စားရန် ဆိုင်ကယ်ဖြင့်ခေါ်ဆောင်သွားပြီး မြို့ပြင်ရှိ မြို့အဝင်အထွက်ဂိတ်အကျော် တောင်ကြားလမ်းအတွင်းသို့ ခေါ်ဆောင်သွားပြီး သားမယားအဖြစ် (၁)ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ ထို့နောက်မ------အား ပြန်လည်ခေါ်ဆောင်လာပြီး သစ်သီးဆိုင်မှ ပန်းသီးနှစ်လုံးဝယ်ပေးကာ နေအိမ်အနီးသို့ ပြန်ပို့ပေးခဲ့ကြောင်း၊ ဘုန်းကြီးကျောင်းတွင် ကျောင်းဝေယျာဝစ္စလုပ်ကိုင်နေသူ မ-----၏ မိခင်ဖြစ်သူအား ၎င်း၏ ယောက်မဖြစ်သူက သမီးဖြစ်သူ၏ ဖြစ်စဉ်ကို သွားရောက် ပြောကြားခဲ့သောကြောင့် မ------၏ မိခင်ဖြစ်သူသည် မြို့မရဲစခန်းသို့ တရားလိုပြုလာရောက် တိုင်တန်းသဖြင့် ရဲနိုင်(ခ)မျိုးမင်းမောင် (၄၃)နှစ်အား ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃အရ အမှုရေးဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။


သတင်း - မိုးစက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)