ကျောက်ဆည်မြို့နယ်တွင် ခရိုငအဆင့်အစိုးရဓမ္မာစရိယနှင့် မြို့နယ်အဆင့် ပါဠိပထမပြန် စာမေးပွဲများကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ခရိုငအဆင့်အစိုးရဓမ္မာစရိယနှင့် မြို့နယ်အဆင့် ပါဠိပထမပြန် စာမေးပွဲများကျင်းပ




MNP - ဧပြီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဖောင်ရွာရပ်ကွက် နေလသုခဗိမ္မာန်တော်ဝင်းအတွင်းရှိ ဗြမ္မာဝိဟာရ လေးထပ်ကျောင်းဆောင်တွင် ယနေ့ မွန်းတည့် ၁၂ နာရီက ခရိုင်အဆင့် အစိုးရ ဓမ္မာစရိယနှင့် မြို့နယ်အဆင့် ပါဠိ ပထမပြန်စာမေးပွဲများ စတင်ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရသည်။

ခရိုင်အဆင့် အစိုးရဓမ္မာစရိယ စာမေးပွဲကျင်းပရာ၌ ဧပြီ(၃၀)ရက်နေ့နှင့် မေ(၂)ရက်နေ့တွင် ပါရာဇိကဏ် ကျမ်းစာပေ၊ မေ(၃)ရက်နေ့နှင့်(၄)ရက်နေ့တွင် သီလက္ခန်ကျမ်းစာပေ၊ မေ(၅)ရက်နေ့နှင့် (၆)ရက်နေ့များတွင် ဓမ္မသင်္ဂီကျမ်းစာပေ၊ မေ(၇)ရက်နေ့တွင် မြန်မာဂုဏ်ထူးစာပေ၊ မေ(၈)ရက်နေ့နှင့် (၉)ရက်နေ့များတွင် ပါဠိဂုဏ်ထူးစာပေများ ဖြေဆိုခြင်းကို ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် စာမေးပွဲတွင် ကျောက်ဆည် မြို့နယ်မှ သံဃာ(၆၅)ပါး၊ လူပုဂ္ဂိုလ်(၁)ဦး၊ စဉ့်ကိုင် မြို့နယ်မှ သံဃာ(၂၁)ပါး၊သီလရှင်(၁)ပါး၊ မြစ်သားမြို့နယ်မှ သံဃာ(၁၆)ပါး၊ သီလရှင်(၃)ပါး၊ တံတားဦးမြို့နယ်မှ သံဃာ(၂၇)ပါး၊ သီလရှင်(၁)ပါး စုစုပေါင်းသံဃာ(၁၂၉)ပါး၊ သီလရှင်(၅)ပါးနှင့်လူပုဂ္ဂိုလ်(၁)ဦးတို့ ဝင်ရောက် ဖြေဆိုခဲ့ကြောင်း ခရိုင်သာသနာရေး ဦးစီးဌာနမှ သိရသည်။

အစိုးရဓမ္မာစရိယ စာမေးပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်သာသနာရေး ဦးစီးဌာန၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ်တို့မှ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ ပူးပေါင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြပြီး စာဖြေသံဃာတော်များနှင့် သီလရှင်တို့အား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့က နေ့ဆွမ်းနှင့်အချိုပွဲများ ဆက်ကပ်ခဲ့ပြီး လိုအပ်မှုများ မရှိစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရကာ မြို့နယ်အဆင့် ပါဠိပထမပြန် စာမေးပွဲကို မေလ(၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ (၇)ရက်ကြာ ဆက်လက်ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)