သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ၌ မဟာသင်္ကြန်ကာလ နှစ်ကူးအထူးတရားပွဲ ညစဉ်ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ၌ မဟာသင်္ကြန်ကာလ နှစ်ကူးအထူးတရားပွဲ ညစဉ်ကျင်းပပြုလုပ်




MNP - ဧပြီ   ၁၇

မွန်ပြည်နယ်၊ သထုံမြို့နယ် ဒုံဝန်းကျေးရွာ ညောင်ပင်သာကျောင်းတိုက်ရှိ အောင်ချမ်းသာဘုရား ရင်ပြင်တော်ပေါ်တွင် မဟာသင်္ကြန်ကာလ နှစ်ကူးအထူးတရားပွဲများကို ညောင်ပင်သာ ကျောင်းဂေါပက အဖွဲ့မှ ကြီးမှူး၍ ညစဉ်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒုံဝန်းကျေးရွာအတွင်း နှစ်ကူးကာလ၌ ဗုဒ္ဓဘာသာသာဝင်တို့၏ ဓလေ့ထုံးတမ်းနှင့်အညီ ကုသိုလ်တရားများဖြင့် ထုံမွှမ်းပြီး မင်္ဂလာရှိစွာဖြင့် နှစ်သစ်ကိုစတင်သည့်အနေဖြင့် တရားသဘင်ကို စုပေါင်းကျင်းပရခြင်းဖြစ်ကြောင်း ညောင်ပင်သာကျောင်းတိုက် ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မဟာသင်္ကြန်ကာလနှစ်ကူး အထူးတရားပွဲကို သင်္ကြန်အကျနေ့မှ အတက်နေ့အထိ ညစဉ် ကျင်းပပြုလုပ်ခဲ့ပြီး အကျနေ့ညတွင် ဒုံဝန်းကျေးရွာ အသောကရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာစက္ကအရှင်သူမြတ်၊ အကြတ်နေ့ ညတွင် ရတနာဇေယျုံကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တရေဝတ အရှင်သူမြတ်နှင့် အတက်နေ့ညတွင် ညောင်ပင်သာကျောင်း အောင်ချမ်းသာဆရာတော် ဘဒ္ဒန္တစန္ဒာဝရ အရှင်သူမြတ်တို့က ဓမ္မဒေသနာတရားတော်များကို ဟောကြားချီးမြှင့်ပေးတော်မူခဲ့ကြရာ ဒုံဝန်းကျေးရွာနေ ဗုဒ္ဓဘာသာဝင်များက အေးချမ်းစွာ တရားတော်များကို နာယူခဲ့ကြပြီး ဓမ္မပူဇာလှူဖွယ်များကို ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်း - ကိုကိုဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)