MNP - ဧပြီ ၂၇
မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ် စည်ပင်သာယာရေး ကော်မတီနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနတွင် မြို့နယ်မီးသတ်ဦးစီးမှုးနှင့် ဝန်ထမ်းများက လက်တွေ့သရုပ်ပြသ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
သန့်ရှင်းရေးဝန်ထမ်းများအား မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ၊ ဦးတင်ထွန်းအောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ DCP မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ မီးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်း - မြင့်မြင့်ရီ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment