MNP - ဧပြီ ၁၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် နွေရာသီရေပြတ်လပ်မှု မရှိစေရေးအတွက် ရေရှားပါးသော ရပ်ကွက်များသို့ သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးအတွက် ယမန်နေ့ ညနေပိုင်းက ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြသည်။
ကျိုက်ထိုမြို့နယ်အတွင်း တောင်ပိုင်းရပ်ကွက်ရှိ အချို့သော သောက်သုံးရေတွင်းများ၊ ရေကန် များတွင် နွေရာသီပူပြင်းသော အပူချိန်ကြောင့် ရေများခန်းခြောက်စပြုလာ၍ ပြည်သူများ အနေဖြင့် သောက်ရေအခက်အခဲများ ဖြစ်ပေါ်နေခြင်းကြောင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲညွန့် ထွေးနှင့် တပ်ဖွဲ့ဝင်များက မီးသတ်ရေသည်ယာဉ်ဖြင့် ရေဂါလံ(၁၆၀၀)ကို ဖြန့်ဝေလှူဒါန်းပေးခဲ့ ကြောင်း သိရသည်။
သတင်း - သန်းသန်းမော်
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment