Pages

Pages

ငဖဲမြို့ မိုးကုတ်ဓမ္မရိပ်သာတွင် (၆၉)ကြိမ်မြောက် သင်္ကြန်တွင်း မိုးကုတ်ဝိပဿနာ ခုနှစ်ရက် တရားစခန်းပွဲ ကျင်းပ



MNP - ဧပြီ   ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့ မိုးကုတ်ဓမ္မရိပ်သာကျောင်း  မိုးကုတ်ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့ခွဲ အဖွဲ့ခွဲအမှတ်(၁၀၇)တွင် နိဗ္ဗာန်ဝင်လမ်း (၆၉) ကြိမ်မြောက် သင်္ကြန်တွင်း မိုးကုတ်ဝိပဿနာ ခုနှစ်ရက် တရားစခန်းပွဲကို ယနေ့နံနက်ပိုင်းက စတင် ကျင်းပခဲ့သည်။

အဆိုပါ တရားစခန်းပွဲတွင် မိုးကုတ်ဘုန်းတော်ကြီးကျောင်းဆရာတော် ဦးဝိမလက ခန္ဓာငါးပါး ရုပ်နာမ်တရား၊ သံသရာလည်လမ်း၊ ထွက်လမ်း ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာနှင့် သစ္စာလေးပါးမြတ် တရားကို  ဧပြီလ( ၁၇ )ရက်နေ့ထိ မိုးကုတ်ဝိပဿနာအလုပ်ပေးတရားပွဲအဖြစ် ဟောဖော်ညွှန်ပြ သွားမည် ဖြစ်သည်။ တရားစခန်းပတ်ဝင်ယောဂီ (၁၁၀)ဦး ရှိပြီး သံဃာတော်များ၊ သီလရှင်များနှင့် ယောဂီများကို အလှူရှင်များက အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ အချိုရည်များ ဆက်ကပ်လှူဒါန်း ဒါန ပြုကြကြောင်းနှင့် သင်္ကြန်တွင်း မိုးကုတ်ဝိပဿနာတရားစခန်းပွဲကို နှစ်စဉ်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - မယု

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment