သဲကုန်းမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဒေသန္တရ စီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဒေသန္တရ စီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်



MNP - ဧပြီ   ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်း ချက်များနှင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။

ရှေးဦးစွာမြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူးဦးယဉ်ထွေးက ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက်အတိုင်း ဆောင်ရွက်ကြရမည့် ဌာနဆိုင်ရာများအလိုက် ဆောင်ရွက်သွားရမည့် လုပ်ငန်းရည်မှန်းချက်များ ပြည့်မှီရေးဆောင်ရွက်သွားနိုင်ရန် ပြောကြား၍  မြို့နယ်စီမံကိန်း ဦးစီးမှူးဦးသိန်းဇော်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ၏ ကဏ္ဍာများနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်များကို ပေးအပ်ခဲ့ကြရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လက်ခံခဲ့ကြကြောင်းသိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)