ကချင်ပြည်နယ်ဝန်ကြီးချုပ် မကြာမီဖွင့်လှစ်တော့မည့် ပြည်နယ်အစိုးရအဖွဲ့၏ အရေးကြီးပုဂ္ဂိုလ် (VIP)ဧည့်ရိပ်သာ (ဧရာဝတီ) ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှု စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မကြာမီဖွင့်လှစ်တော့မည့် ပြည်နယ်အစိုးရအဖွဲ့၏ အရေးကြီးပုဂ္ဂိုလ် (VIP)ဧည့်ရိပ်သာ (ဧရာဝတီ) ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှု စစ်ဆေး


MNP ၊ ဧပြီ ၂၈

ကချင်ပြည်နယ်အတွင်း နိုင်ငံတော်အဆင့် အရေးကြီးပုဂ္ဂိလ်များ၊ ပြည်ထောင်စုအဆင့် အကြီး အကဲများ လာရောက်သည့်အခါ တည်းခိုဧည့်ခံနိုင်ရေး မြစ်ကြီးနားမြို့ ကမ်းနားလမ်း၌ တည်ဆောက်ပြီးစီးသည့် အရေးကြီးပုဂ္ဂိုလ် (VIP) ဧည့်ရိပ်သာ(ဧရာဝတီ)အား မကြာမီဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဖြည့်စွက် ဆောင်ရွက် ထားရှိမှုများနှင့် ပတ်သက်၍ ယနေ့ နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ် ဝန်ကြီးများကသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။


ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ အဆောက်အဦအတွင်း အစည်းအဝေးခန်းမငယ်၊ ဧည့်ခန်း ငယ်တို့ဖြင့် ဖွဲ့စည်းတည် ဆောက်ထားသည့် အရေးကြီးပုဂ္ဂိုလ်နားနေခန်း၊ အဆင့်မြင့်အိပ်ခန်းများ၊ အစည်းအဝေးခန်းမ၊ စားသောက်ခန်း၊ ဧည့်တွေ့ခန်းမ၊ လုံခြုံရေးနှင့် ရုံးဝန်ထမ်းခန်းမများဖြင့် ဖွဲ့စည်းတည်ဆောက်ထားရှိမှု အခြေအနေများနှင့် ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝ န်ကြီးချုပ်က ပြင်ဆင်ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများကို ပြည်နယ်အဆင့်နှင့် လျော်ညီစွာ စိတ်အေး ချမ်းသာစွာနေထိုင် တည်းခိုနိုင်ရေး၊ ရေရှည်ခိုင်ခံ့မှု၊ ခန့်ညားသပ်ရပ်မှုရှိစေရေးအတွက် ကြိုတင်ပြင် ဆင်ဆောင်ရွက် သွားနိုင်ရေး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ ဧည့်ရိပ်သာ (ဧရာဝတီ)အား ကချင်ပြည်နယ်၏ အနှစ်သာရပေါ်လွင်စေရန် ပြည်နယ် ဘဏ္ဍာရန်ပုံ ငွေကျပ် ၁၄၉၂.၄၀၀ သန်းဖြင့် ဒီဇိုင်းရေးဆွဲ တည်ဆောက်ထားခြင်းဖြစ်ပြီး ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အဆောက်အဦ ဖွင့်လှစ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိကာ မေလဆန်း ပိုင်းတွင် ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင် ရွက်နေ ခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)