ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ



MNP - ဧပြီ    ၁၉

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာစေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော်တန်ဆောင်းတွင် ယမန်နေ့ နံနက် ၉ နာရီမှ (၁၂:၁၅) နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ အကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆေးထိုးနှံရာတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covishield) ဆေးအား ဒဂုံမြို့နယ်အတွင်းရှိ ယောမင်းကြီးရပ်ကွက်နှင့် ဦးဝိစာရရပ်ကွက်တို့မှ အသက် (၁၈)နှစ်   နှင့်အထက် ရပ်ကွက်နေ ပြည်သူ ကျား (၄)ဦး၊ မ(၇)ဦး လူဦးရေ စုစုပေါင်း (၁၁) ဦးတို့အား ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ၁ လုံးလျှင် ၁၁ ဦး နှုန်းဖြင့်(၁၁) ဦးအတွက် ဆေးအလုံးရေ (၁)လုံးအား ထိုးနှံပေးခဲ့သည်။   

ထို့ပြင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ( COVISHIELD) အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ထိုးနှံခြင်း လုပ်ငန်းအားလည်း ယောမင်းကြီးရပ်ကွက်၊ ဦးဝိစာရရပ်ကွက်၊ ပြည်လမ်း အရှေ့ရပ်ကွက်၊ ဘုရားကြီးရပ်ကွက်နှင့် ပြည်လမ်းအနောက်ရပ်ကွက်တို့မှ အသက်  (၁၈) နှစ်နှင့်အထက်ရှိသူ ကျား( ၄၀ )ဦး၊ မ (၅၉)ဦး  စုစုပေါင်း (၉၉) ဦးအား ဆက်လက်ထိုးနှံပေးခဲ့ကြရာ ကာကွယ်ဆေး တစ်လုံးလျှင် (၁၁)ဦး နှုန်းဖြင့် (၉၉) ဦးအတွက် ဆေး အလုံးရေ (၉)လုံးအား ထိုးနှံပေးခဲ့ရာ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကျား  (၄၄) ဦး၊ မ (၆၆) ဦး၊ စုစုပေါင်း (၁၁၀) ဦးတို့ လာရောက် ထိုးနှံခဲ့ကြပါသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံ ပေးခဲ့ကြောင်း သိရပသည်။ ကာကွယ်ဆေးထိုးနှံရာနေရာတွင် မလိုလားအပ်သောပြဿနာတစ်စုံ တစ်ရာမရှိ စေရေးအတွက် ဒဂုံမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရွှေပြည်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရသည်။

သတင်း - မေသန္တာ 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)