ဥတ္တရသီရိ မြို့နယ်အတွင်းရှိ အသက် ၁၅ နှစ်မှ ၁၈နှစ်ကြား သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥတ္တရသီရိ မြို့နယ်အတွင်းရှိ အသက် ၁၅ နှစ်မှ ၁၈နှစ်ကြား သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

MNP - ဧပြီ    ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျောင်းတိုက်ရှိ အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြား သံဃာတော်များ၊ သီလရှင်များအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး(Sinovac)ကို ယမန်နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ငန်းစပ်ကျေးရွာရှိ ရာဇဓာနီသာမဏေကျော် ကျောင်းတိုက်ရှိ သံဃာတော်များအား ထိုးနှံပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲမြတ်သိန်း၊အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးမင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝါဝါညွှန့်ရွှေ တို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းတိုက် အတွင်းရှိ အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြား သံဃာတော်(၄၂)ပါးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) ထိုးနှံပေးခဲ့သည်။

ဥတ္တရသီရိမြို့နယ်အနေဖြင့် ကာကွယ်ဆေး(Sinovac) ထိုးနှံပေးမည့် သံဃာတော်နှင့် သီလရှင် စုစုပေါင်း အပါး (၅၀၀) ကျော်ရှိကာ ယနေ့အချိန်ထိ သံဃာတော် (၁၀၀) ပါးအား ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသေးသည့် သံဃာတော်နှင့် သီလရှင်များကိုလည်း ဆက်လက်ထိုးနှံ ပေးမည့် အပြင် အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြား ကျောင်းပြင်ပ ကလေးငယ် များကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

သတင်း - အောင်ကို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)