MNP - ဧပြီ ၂၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ချောက်ရေနံမီးသတ်တို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြိမ်းသတ်ရေ ရရှိရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ ရေငုတ်၊ ရေတိုင်များအား ယနေ့နံနက် ၈ နာရီအချိန်က စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးစီးမှူးဦးဇင်မျိုးသန့်၊ တပ်ကြပ်ကြီး ဇော်ဟိန်း၊ ချောက်ရေနံမီးသတ်တာဝန်ခံဦးကြည်မိုးနှင့် ဝန်ထမ်းများပူးပေါင်း၍ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)ရပ်ကွက်များရှိ ရေငုတ်ရေတိုင်များ ကြံခိုင်ရေးစစ်ဆေးခြင်း၊ ရေရရှိမှုကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျန်ရှိသည့် ရပ်ကွက်များမှ ရေငုတ်၊ ရေတိုင်များအား နောက်ရက်များတွင် ဆက်လက် စစ်ဆေးကြည့်ရှု၍ လိုအပ်သည့်ရေငုတ်များကို ပြုပြင်ပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ချောက်မြို့တွင် စုစုပေါင်း ရပ်ကွက်(၁၅)ရက်ကွက်ရှိပြီး မီးငြိမ်းသတ်ရေးအတွက် ရေငုတ် ၄၃ ငုတ်၊ရေတိုင်(၇)တိုင်ရှိကြောင်းသိရသည်။
သတင်း - ကျော်မိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment