ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားပေး

 


MNP - ဧပြီ   ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သာသနာ့မဉ္ဇူဓမ္မာရုံတွင် ဗုဒ္ဓဘာသာ အခြေခံယဉ်ကျေးလိမ္မာသင်တန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၅.၄.၂၀၂၂ ရက်နေ့မှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို  ဓမ္မာစရိယ အေးမြသာယာကျောင်းဆရာတော် (၁)ပါး၊ သပြေကုန်းရပ်ကွက်အတွင်းမှ ပရဟိတ ဆရာမ (၅) ဦးတို့က သင်ကြားပေးလျက်ရှိပြီး ကျောင်းသား/ ကျောင်းသူ ၁၅၀ ဦးခန့် တက်ရောက်သင်ကြားလျက်ရှိကာ သင်တန်းကာလမှာ ၂၅.၄.၂၀၂၂ ရက်နေ့မှ ၁၀.၅.၂၀၂၂ ရက်နေ့အထိ နေ့စဉ်နံနက် (၉:၀၀) နာရီမှ (၁၁:၃၀) အချိန်ထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာ သင်ကြားနိုင်ရေးအတွက် မစိုးရိမ်တိုက်သစ်ကျောင်း (နေပြည်တော်) မှ ဗလာစာအုပ်များနှင့် ဘောပင် (၁၂) ဒါဇင်အားလည်းကောင်း၊ မြန်မာနိုင်ငံယဉ်ကျေးလိမ္မာ ပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁) ဥက္ကဋ္ဌ ဦးကျော်စွာက ဓမ္မကျောင်းတော်၊ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာ အပိုင်း (၁)စာအုပ် (၁၅၀) အုပ်၊ စုစုပေါင်းတန်ဖိုး (၈၀၀၀၀) ကျပ်အားလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် အာဟာရဒါနအတွက် ရပ်ကွက်အတွင်းမှ အလှူရှင်များ စုပေါင်းပြီးနေ့စဉ်နေ့တိုင်းဒါနပြုလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)