ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ၌ ရပ်ရွာအခြေပြု အဆင့်မြှင့်စက်ချုပ်သင်တန်းဆင်းပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ၌ ရပ်ရွာအခြေပြု အဆင့်မြှင့်စက်ချုပ်သင်တန်းဆင်းပွဲ ပြုလုပ်







MNP ၊ ဧပြီ ၅

 လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးကြီးကြပ်မှုအောက်ရှိ မော်လမြိုင်အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ဖေဖော်ဝါရီ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော ရပ်ရွာအခြပြု အဆင့်မြှင့် စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက အလူးလေးကျေးရွာ သုခကာရီဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

 အခမ်းအနားတွင် သုခကာရီဘုန်းတော်ကြီးကျောင်းဆရာတော် ဥူးအဂ္ဂဝံသ က  သင်တန်းသူများအား သြဝါဒ စကားပြောကြားပြီး ဘီးလင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီဝင်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။

 ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိကြသော  သင်တန်းသူ (၃)ဦးတို့အား လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီဝင်းနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 အဆိုပါ  အဆင့်မြှင့် စက်ချုပ်သင်တန်း သို့ ဘီးလင်းမြို့နယ် အတွင်းရှိကျေးရွာများမှ သင်တန်းသူ (၂၀) ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြ အဖြစ်  မော်လမြိုင် အိမ်တွင်းသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ဒေါ်စိမ်းစိမ်းအေး က စာတွေ့၊ လက်တွေ့ ၂ လကြာ သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


ထူးနောင်  (ဘီးလင်း )

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)