ကော့သောင်းမြို့၊ ရပ်ကွက်များအတွင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းမြို့၊ ရပ်ကွက်များအတွင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး



MNP -  ဧပြီ   ၅ 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ရပ်ကွက်နှင့်ကျေးရွာများ အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူ ထိုးနှံရန်ကျန်ရှိနေသူများကို ဆေးထိုးစုရပ်များတွင် ကိုဗစ် ၁၉ ကာကွယ်ဆေးSinopharmအား ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ မြို့ပေါ်ရပ်ကွက်တစ်ခု ဖြစ်သည့် အေးရိပ်ငြိမ်ရပ်ကွက် ပြည်သူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးရန်ကျန်ရှိသူ အသက်(၁၈)နှစ်အထက် ပြည်သူမည်သူ့ကိုမဆို ထိုးနှံပေးခြင်းဖြစ်ရာ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအထိ  သတ်မှတ်ရက်များအလိုက် ဆေးထိုးအဖွဲ့များဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းလည်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး ကော့သောင်းမြို့နယ်အနေဖြင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ (၆၀၀၀၀)နီးရှိပြီးဖြစ်ကြောင်း၊ တစ်မြို့နယ်လုံးရှိလူဦးရေအရ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံ ခြင်း လွှမ်းခြုံနိုင်မှု(၅၂.၉၆)ရာခိုင်နှုန်းခန့်ရှိပြီးဖြစ်ကြောင်းလည်း သိရသည်။

သတင်း - ကျော်စို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)