ဂွမြို့တွင် မဟာသင်္ကြန်အကြတ်နေ့ အေးချမ်းပျော်ရွင်စွာဖြင့် ရေကစားလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့တွင် မဟာသင်္ကြန်အကြတ်နေ့ အေးချမ်းပျော်ရွင်စွာဖြင့် ရေကစားလျက်ရှိ




MNP ၊ ဧပြီလ ၁၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ တွင် မြန်မာသက္ကရာဇ် ၁၃၈၃ခုနှစ်မဟာသင်္ကြန်အကြတ်နေ့၌ ဂွမြို့နယ်  ရပ်ကွက်နှင့် ကျေးရွာများရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများ အေးချမ်းပျော်ရွင်စွာ ရေကစားလျက်ရှိကြောင်းသိရသည်။

သင်္ကြန်အကျနေ့တွင် ဂွမြို့အတွင်းရှိ ရပ်ကွက်၊ကျေးရွာအလိုက် စတုဒီသာများကျွေးမွေးကြပြီး ရေကစားသူများ၊ရေပက်ခံအဖွဲ့များနှင့်အေးချမ်းပျော်ရွင်စွာ ရေဆော့ကစားလျက်ရှိသည်။ထိုသို့ရေကစားရာတွင်မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများ၌ စတုဒိသာများ‌ကျွေးမွေးဧည့်ခံကြပြီး ရေပက်ခံအဖွဲ့များက မော်တော်ဆိုင်ကယ်၊ အငှားယာဉ်၊ ကိုယ်ပိုင်ကားတို့ဖြင့် ရေကစားမဏ္ဍပ်အတွင်းရှိ စတုဒိသာ များဝင်ရောက်စားသောက်ကြပြီး ရေပက်ခံထွက်ကြကြောင်း သိရသည်။

သင်္ကြန်အကြတ်နေ့တွင်လည်းဂွမြို့နယ်  ရပ်ကွက်နှင့် ကျေးရွာများရှိ သင်္ကြန်မဏ္ဍပ်တွင် ယိမ်းအကဖွဲ့များမှ အကအလှများဖြင် ဖျော်ဖြေ လျက်ရှိကြောင်းသိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)