တာချီလိတ်မြို့ စုပေါင်းဓမ္မာရုံ၌ တတိယအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့ စုပေါင်းဓမ္မာရုံ၌ တတိယအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ




MNP - ဧပြီ    ၂၅

ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာချီလိတ်မြို့ စုပေါင်းဓမ္မာရုံ၌ တတိယအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နမောတဿ(၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ရောင်ခြည်တော်ဖွင့် ဂါထာတော်ဖြင့် ဘုရားရှင် အားပင့်ခြင်း၊ ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံဆောက်တည်ခြင်း၊ ပဋ္ဌာန်း ကျမ်းတော်ကြီးကို ဂါရဝပူဇာ မင်္ဂလာအမှုပြုခြင်းများကိုဆောင်ရွက်ခဲ့ကြပြီး သံဃာတော်နှင့် ဧည့်ပရိတ်သတ်အားလုံးတို့က ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်အား တစ်ပြိုင်တည်းရွတ်ဖတ်ပူဇော် ခဲ့ကြသည်။တတိယအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ၅ ရက်တိုင်ရွတ်ဖတ် ပူဇော်မည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ယာဆေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)